ချစ်လှစွာသော ပရိတ်သတ်ကြီးရေ အဆိုတော်မီးမီးခဲကတော့ သူမရဲ့ဖခင် စောဘွဲ့မှူးရဲ့ အနုပညာအမွေတွေကို လက်ခံရရှိခဲ့တာပဲဖြစ်ပါတယ်။ အနုပညာပါရမီပြီးပြည့်စုံတဲ့ မီးမီးခဲဟာ ကံမကောင်းစွာနဲ့ပဲ အသက်သုံးဆယ်ကျော်အရွယ်မှာ ကင်ဆာရောဂါဝေဒနာနဲ့ ကွယ်လွန်သွားခဲ့တာပဲဖြစ်ပါတယ်။ မီးမီးခဲကွယ်လွန်ပြီးတဲ့နောက် သူမရဲ့သမီးကြီး ဖြူဖြူစင်စင်လင်းဟာ ထူးအယ်လင်းနဲ့ မြန်မာပြည်မှာ နေထိုင်နေသလို သားငယ်နဲ့ သမီးငယ်ကတော့ နိုင်ငံခြားမှာပဲ သူမရဲ့ခင်ပွန်းနဲ့ အတူတူရှိနေကြတာပဲဖြစ်ပါတယ်..။

ဖြူဖြူစင်စင်လင်းကတော့ အခုဆိုရင် ဆယ်ကျော်သက်အရွယ် မိန်းကလေးဖြစ်လို့နေပြီဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ဖြူဖြူစင်စင်လင်းရဲ့ဖခင် အဆိုတော်ထူးအယ်လင်းက ချစ်စရာကောင်းပြီး လှသွေးကြွယ်နေပြီဖြစ်တဲ့ သမီးလေးရဲ့ ပုံရိပ်ကို သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေလာတာကို အခုလိုမျိုးပဲတွေ့ရပါတယ်..။

ဖြူဖြူစင်စင်လင်းကတော့ မိခင်မီးမီးခဲနဲ့ တစ်နေ့တစ်ခြား ပိုပိုပြီးတူလာတာကို ပရိသတ်ကြီးလည်း တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဖြူဖြူစင်စင်လင်းရဲ့ ပုံရိပ်လေးကိုကြည့်ပြီး သွားလေသူမီးမီးခဲကို သတိရသွားကြမှာသေချာပါတယ်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Source: Htoo El Lynn’ fb




Credit ; Myanmar Celebrities