ချစ်လှစွာသော ပရိတ်သတ်ကြီးရေ လတ်တလောမှာတော့ ပန်းပန်ဟာ ဒါရိုက်တာညိုမင်းလွင်ရိုက်ကူးတဲ့ Active Now ဆိုတဲ့ လျှို့ဝှက်သည်းဖို ဇာတ်ကားမှာ မိုးဆိုတဲ့ ကောင် မလေးနေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့တာပါ။ ပန်းပန်ကတော့ ၂၀၀၀ ခုနှစ်ဝန်းကျင်က အနုပညာအလုပ်တွေနဲ့ ပတ်သက်ပြီး ကြော်ငြာတွေ၊ ဗီဒီယို ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးသူတစ်ယောက်ပါ။ သူမရဲ့ ကျန်းမာရေးကြောင့် အနုပညာအလုပ်တွေ ရပ်နားခဲ့သလို ပရိသတ်တွေနဲ့လည်း အဆက်ပြတ်သွားခဲ့ပါတယ်..။

လွန်ခဲ့တဲ့ လပိုင်းတွေလောက်ကပန်းပန်နဲ့နေတိုး တို့ရဲ့ ပုံတွေပြ့န်လာခဲ့ပြီး ပရိသတ်တွေစိတ်ဝင်စားခဲ့ကြပါတယ်။ မကြာခင်ရက်ပိုင်းတုန်းကတော့ နေတိုးရဲ့မင်္ဂလာဆောင်ပွဲပြီးနောက် သူမရဲ့ခံစားချက်တွေကို ရင်ဖွင့်လာခဲ့ပါသေးတယ်။ ဒီနေ့လေးမှာတော့ ပန်းပန်ကသူမတစ်ယောက်တည်း ပျော်နေပြီဆိုပြီး ချစ်စရာကောင်းတဲ့ ဗီဒီယိုလေးကို တင်ပေးလာ ခဲ့တာ ဖြစ်ပါတယ်..။

သူမ တင်လာခဲ့တဲ့ ဗီဒီယိုအောက်မှာတော့သူမ ပျော်ရွင်နေတဲ့ ဗီဒီယိုလေးကိုမြင်ရတာ စိတ်ချမ်းသာတယ်ဆိုပြီး သူမကို အားပေးစကားတွေလည်း ရေးသားထားကြပါတယ်။ ပန်းပန်ကို ချစ်ကြတဲ့ ပရိသတ်ကြီးလည်း ပန်းပန်ရဲ့ဗီဒီယိုလေးကို ကြည့်ပြီးချစ်ပေးကြပါအုံးနော်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Source: Pan Pan




Credit ; Cele World