ချစ်လှစွာသော ပရိတ်သတ်ကြီးရေ အနုပညာမောင်နှမတွေထက် မောင်နှမအရင်းတွေဖြစ်ကြတဲ့ မေမြင့်မိုရ်နဲ့ သျှင်းမြတ်တို့ကတော့ ပရိသတ်ကြီးကြီးငယ်ငယ်တွေရဲ့ အားပေးခံရသူတွေပဲ ဖြစ်ပါတယ်။ မေမြင့်မိုရ်နဲ့ သျှင်းမြတ်တို့ကတော့ တခြားမောင်နှမတွေထက် ပိုပြီးရုပ်ချင်းဆင်ကြပြီး အမြွှာတွေလို့တောင် ထင်မှတ်ခံရတာပဲ ဖြစ်ပါတယ်။ မေမြင့်မိုရ်နဲ့ သျှင်းမြတ်တို့ကလည်း တစ်ယောက်ကို တစ်ယောက် အရမ်းချစ်ပြီး ဘယ်သွားသွား ဘာလုပ်လုပ်တပူးပူးရှိကြတာပဲ ဖြစ်ပါတယ်..။

အရင်ကတည်းက ရုပ်ချင်းတူလို့ ပရိသတ်တွေကြား နာမည်ကြီးတဲ့ မေမြင့်မိုရ်နဲ့ သျှင်းမြတ်တို့မောင်နှမနှစ်ယောက်ဟာ ဒီတစ်ခေါက်မှာလည်း ဆောင်းရာသီစတိုင်လ် အနွေးထည်လေးတွေဆင်တူဝတ်ပြီး ဓာတ်ပုံရိုက်ကူးခဲ့ကြပြန်ပါတယ်။ မေမြင့်မိုရ်က သူမတို့မောင်နှမနှစ်ယောက်ဟာ အမြွှာတွေနဲ့တူလားလို့ မေးခွန်းထုတ်ခဲ့ပြီး ပရိသတ်တွေကလည်း တူတယ်လို့ မှတ်ချက်ချပေးခဲ့ကြပါတယ်..။

လက်ရှိမှာတော့ မေမြင့်မိုရ်နဲ့ သျှင်းမြတ်တို့ မောင်နှမနှစ်ယောက်စလုံးက ဇာတ်ကားရိုက်ကူးမှုတွေကို ရပ်နားထားပြီး အနုပညာလှုပ်ရှားမှုတွေ ကို ဖြည်းဖြည်းနဲ့ ပုံမှန်အတိုင်းသာလုပ်ကိုင်နေလျက်ရှိပါတယ်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Source: May Myint Mo ‘ fb




Credit ; Myanmar Celebrities