ချစ်လှစွာသော ပရိတ်သတ်ကြီးရေ အမိုက်စား Vocal Power နဲ့ အဆိုတော် ဖြူဖြူကျော်သိန်းဟာ ဂီတလောကရဲ့ ဘုရင်မတစ်ပါးလို့တောင် တင်စားရသူပါပဲ။ ဖြူဖြူကျော်သိန်းရဲ့ သီချင်းတိုင်းက ပရိသတ်တွေကြားမှာ တော်တော်လေး အောင်မြင်ပြီး ယခုထက်တိုင် ရေပန်းစားနေဆဲ ဖြစ်ပါတယ်။ ဖြူဖြူကျော်သိန်းဟာ ပြီးခဲ့တဲ့ (၂၀၂၁) ခုနှစ်ကတည်းက အနုပညာလှုပ်ရှားမှုတွေအားလုံးကို ရပ်နားထားပြီး လက်ရှိအချိန်ထိလည်း သီချင်းသစ်တွေထုတ်ဖို့ ဆန္ဒမရှိသေးဘူးလို့ ပြောလာပါတယ်..။
ဖြူဖြူကျော်သိန်းက “ တကယ်တော့ အသစ်ထွက်စရာသီချင်းတွေအများကြီး လက်ထဲအဆင်သင့်ဖြစ်နေတာ ၂၀၂၁ ဖေ ၁ မဖြစ်ခင်တည်းကပါ။ ခုကတမင်မထုတ်တာပါ။ အများပြည်သူစိတ်နှလုံးညှိုးနွမ်းနေချိန်မှာ သီချင်းသစ်ထုတ်ဖို့ ကိုယ်တိုင်ခွန်အားမရှိလို့ပါ။ နားလည်ပေးနိုင်မယ်ထင်ပါတယ်။ အလွမ်းပြေနားထောင်ချင်တယ်ဆိုရင်တော့ ဖြူဖြူ့ရဲ့ official YouTube channel မှာသီချင်းဟောင်းလေးတွေတစုတစည်းတည်းတင်ပေးထားပါတယ်။ အဲ့ဒီမှာနားထောင်ပေးပါနော်။ ကျေးဇူးပါ။ Take care & stay safe. ” ဟုဆိုပြီး သူမရဲ့ သီချင်းသစ်ကိုစောင့်မျှော်နေတဲ့ ပရိသတ်တစ်ဦးကို ပြောလာပါတယ်..။
ဖြူဖြူကျော်သိန်းကတော့ အများပြည်သူစိတ်နှလုံး ညှိုးနွမ်းနေချိန်မှာ သီချင်းသစ်ထုတ်ဖို့ ကိုယ်တိုင်လည်းအားမရှိတာမို့ သူမရဲ့သီချင်းတွေကို မျှော်နေကြတဲ့ ပရိသတ်တွေအတွက် သီချင်းဟောင်းတွေကိုသာ နားဆင်ပေးဖို့ပြောလာတာပဲဖြစ်ပါတယ်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိ်ုက်ပါတယ်နော်..။
Source: Phyu Phyu Kyaw Thein’ fb
Credit: Myanmar Celebrities