ချစ်လှစွာသော ပရိတ်သတ်ကြီးရေ တစ်နိုင်ငံလုံးက မိန်းကလေး ပရိသတ်တွေ မချစ်ပဲမနေနိုင်တဲ့ နေခြည်ဦး ကတော့ Beauty Blogger တစ်ယောက် အဖြစ်ကနေ နိုင်ငံကျော် မင်းသမီးတစ်ယောက်အဖြစ် အနုပညာ လမ်းကြောင်းပေါ်ကို ရောက်ရှိခဲ့တာပဲ ဖြစ်ပါတယ်။ တစ်နေ့ထက် တစ်နေ့ အောင်မြင်မှုတွေ ရရှိပိုင်ဆိုင် လာတဲ့ နေခြည်ဦး ကတော့ အနုပညာလှုပ်ရှားမှုတွေကိုလည်း လုပ်ကိုင်နေသလို သူမချစ်တဲ့သူတွေကိုလည်း ဂရုစိုက်ဖို့ မမေ့လျော့သူတစ်ယောက် ဖြစ်ပါတယ်..။

ပရိသတ်တွေ ကလည်း သွက်လက်ထက်မြက်ပြီး အလုပ်အပေါ်လေးစား သလိုမိသားစုအပေါ် တာဝန်ကျေတဲ့ နေခြည်ဦးကို အားကျ စိတ်တွေနဲ့ချစ်ကြတာပဲဖြစ်ပါတယ်။ နေခြည်ဦးက သူမရဲ့ညီမငယ်လေး စိမ်းလဲ့ရတနာအပေါ်ကိုလည်း အရမ်းချစ်ပြီး ညီမငယ်နဲ့ ပတ်သက်တာတွေကို ပရိသတ်တွေဆီအမြဲတမ်းချပြလေ့ရှိပါတယ်..။

ဒီတစ်ခေါက်မှာလည်း နေခြည်ဦးက သူမရဲ့ညီမလေး စိမ်းလဲ့ရတနာပြင်ဆင်ပေးထားတဲ့ သူမရဲ့ အခန်းပုံစံကို ပြသလာပြီး “ Room Makeover By Sane ” ဟုဆိုပြီး ပြောလာပါတယ်။ နေခြည်ဦးရဲ့ ညီမလေး စိမ်းကတော့ အစ်မဖြစ်သူမြေတောင်မြှောက်ပေးမှုကြောင့် အနုပညာအလုပ်တွေကို အနည်းအကျဉ်းလုပ်ကိုင်နေပြီဖြစ်ပြီး ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားသူတစ်ယောက်ပဲဖြစ်ပါတယ်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Source: Nay Chi Oo’ fb.




Credit ; Myanmar Celebrities