ခ်စ္လွစြာေသာ ပရိတ္သတ္ႀကီးေရ ဖိုးမူႀကီးလို႔ ပရိသတ္ေတြကခ်စ္စနိုးနဲ႔ ေခၚၾကတဲ့ အဆိုေတာ္မေလး မာသထူးဝါးကေတာ့ ငယ္ရြယ္စဥ္အခ်ိန္ကတည္းက ဘဝရဲ့ေလာကဓံေတြကို ရင္ဆိုင္ခဲ့ရသူေလးျဖစ္ပါတယ္။ ကေလးအရြယ္ကတည္းက ဖခင္ကိုဆုံးရႈံးလိုက္ရၿပီး မိခင္နဲ႔တိုင္းတစ္ပါးမွာ ႀကိဳးစားရပ္တည္ခဲ့ရတဲ့ မာသထူးဝါးဟာ ၿပီးခဲ့တဲ့ရက္ပိုင္းကပဲ သူမရဲ့မိခင္ကို ထပ္မံဆုံးရႈံးလိုက္ရတာျဖစ္ပါတယ္။ အရြယ္မေရာက္ေသးပဲ က်န္ရစ္ခဲ့တဲ့ မာသထူးဝါးတို႔ ေမာင္ႏွမသုံးေယာက္ရဲ့ေရွ႕ေရးအတြက္ မာသထူးဝါးရဲ့ေမေမက စီစဥ္ေပးခဲ့သလို ေဆြမ်ိဳ းမိတ္ေဆြေတြကလည္း ဝိုင္းဝန္းၾကည့္ရႈေပးမယ့္အေၾကာင္းကို ဖိုးမူႀကီးေမေမရဲ့ သူငယ္ခ်င္း ေမရီႏြမ္က သူမရဲ့ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ အခုလိုပဲ အသိေပးခဲ့ပါတယ္..။

“ ကြယ္လြန္သူ မမိုင္ရဲ့ညီမအငယ္ဆုံး မမြန္ ၃ ပတ္ခြင့္ရက္ျပည့္ၿပီမို႔ ကိုးရီးယားမွဩဇီကိုဒီေန႔ျပန္သြားပါၿပီရွင္ 😢 ကေလးေတြငယ္စဥ္ကတည္းက ထိုင္းမွာ ဒီအေဒၚရဲ့လက္ထဲႀကီးလာၾကတာမို႔ ၆ ႏွစ္ခြဲခြါခဲ့ၾကေပမယ့္ ျမင္ျမင္ခ်င္းခ်စ္ၿပီးအရမ္းတြယ္တာၾကတယ္ေလ 😍 တီတီေလးျပဳံးရင္ အမိုး (အေမ့) မ်က္ႏွာႏွင့္တူလို႔ဆိုၿပီး ကေလးေတြကရႈမဝ၊ ခၽြဲမဝ၊ သူ႔အန္တီေလးကို ခ်စ္မဝျဖစ္ေနၾကတယ္ 😍 တီတီမြန္က ၃ ပတ္သာခြင့္ရေပမယ့္ အဖိုးကေတာ့ ၃ လေနသြားမွာျဖစ္ပါတယ္။ လက္ရွိမွာေတာ့ သြက္သြက္လက္လက္ အေဒၚအလတ္ တီတီမြတ္ ရယ္၊ သူ႔သမီး ၂ ေယာက္ႏွင့္ မမိုင္ကေလး ၂ ေယာက္ဟာ ဘူခၽြန္းၿမိဳ႕ ဆိုဆာရပ္ကြက္ (ေမရီႏြမ္တို႔ရပ္ကြက္)မွာ ေနထိုင္ၾကပါတယ္။ ”

“ အလည္ဗီဇာ ၃ လျပည့္လို႔ အဖိုးျပန္သြားရင္ အဖြါးလာဖို႔ျပင္ဆင္ေနပါတယ္။ ကေလးေတြသူတို႔ဆီ မေရာက္မခ်င္း ဖိုးဖိုး ဖြါးဖြါးက အလွည့္က်လာေနေပးၾကပါလိမ့္မယ္ 👨🏼‍🦳👵🏼 မမိုင္ရဲ့ဆႏၵအတိုင္း ေနာ္မာသေလးကေတာ့ ကိုးရီးယားမွာ အထက္တန္းကာလ ေက်ာင္းအေဆာင္ေနမယ္၊ ပညာဆက္သင္ရင္း အႏုပညာလုပ္ငန္းေတြ ဆက္လုပ္သြားပါလိမ့္မယ္။ သား ၂ ေယာက္ကေတာ့ အဖိုးအဖြါးအေဒၚတို႔ရွိရာ Australia ကိုသြားဖို႔ျပင္ဆင္ေနပါတယ္။ေက်ာင္းေျပာင္းေရး၊ မိသားစုလႊဲေျပာင္းေရးစာရြက္စာတမ္းကိစၥေတြက ၁ ႏွစ္မွ ၄ ႏွစ္ခန္႔ၾကာနိုင္တယ္လို႔ တာဝန္ရွိသူေတြကေျပာျပပါတယ္။ ကိစၥေတြက ထင္သေလာက္မလြယ္ကူလွပါဘူး။ ကေလးေတြကို ခ်စ္ေပးၾကသူ၊ စိတ္ဝင္စားေပးၾကသူ၊ သတင္းေမးျမန္းၾကသူ၊ ကူညီေပးၾကသူ၊ ဆုေတာင္းေမတၱာေပးပို႔ေနၾကသူ ကိုကို မမ ဦးဦးေဒၚေဒၚေတြအားလုံးသို႔ သိသင့္တဲ့သတင္းေပးရင္း၊ သူတို႔ေတြကိုယ္စား ေက်းဇူးတင္ေၾကာင္း ေျပာလိုပါတယ္ရွင္ 💕 ” ဟုဆိုၿပီး အသိေပးလာတာပဲျဖစ္ပါတယ္။ မာသထူးဝါးေလးကေတာ့ မိခင္ျဖစ္သူရဲ့ဆႏၵအတိုင္း ကိုရီးယားမွာပဲေနၿပီး အေဆာင္ေနကာ ေက်ာင္းဆက္တက္ဖို႔ရွိၿပီး မာသထူးဝါးေလးရဲ့ေမာင္ႏွစ္ေယာက္ကေတာ့ အဖိုး၊ အဖြားနဲ႔ အေဒၚတို႔ရွိရာ ၾသစေတးလ်မွာေနၿပီး ေက်ာင္းဆက္ တက္မယ္လို႔ သိရပါတယ္ေနာ္။ဖတ္ရႈ့ေပးၾကတဲ့ပရိတ္သတ္ႀကီးအားလံုးလည္း သာယာေပ်ာ္ရႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္ေနာ္..။

Source: Mary Nuam’s fb

ချစ်လှစွာသော ပရိတ်သတ်ကြီးရေ ဖိုးမူကြီးလို့ ပရိသတ်တွေကချစ်စနိုးနဲ့ ခေါ်ကြတဲ့ အဆိုတော်မလေး မာသထူးဝါးကတော့ ငယ်ရွယ်စဉ်အချိန်ကတည်းက ဘဝရဲ့လောကဓံတွေကို ရင်ဆိုင်ခဲ့ရသူလေးဖြစ်ပါတယ်။ ကလေးအရွယ်ကတည်းက ဖခင်ကိုဆုံးရှုံးလိုက်ရပြီး မိခင်နဲ့တိုင်းတစ်ပါးမှာ ကြိုးစားရပ်တည်ခဲ့ရတဲ့ မာသထူးဝါးဟာ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ သူမရဲ့မိခင်ကို ထပ်မံဆုံးရှုံးလိုက်ရတာဖြစ်ပါတယ်။ အရွယ်မရောက်သေးပဲ ကျန်ရစ်ခဲ့တဲ့ မာသထူးဝါးတို့ မောင်နှမသုံးယောက်ရဲ့ရှေ့ရေးအတွက် မာသထူးဝါးရဲ့မေမေက စီစဉ်ပေးခဲ့သလို ဆွေမျိုးမိတ်ဆွေတွေကလည်း ဝိုင်းဝန်းကြည့်ရှုပေးမယ့်အကြောင်းကို ဖိုးမူကြီးမေမေရဲ့ သူငယ်ချင်း မေရီနွမ်က သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ အခုလိုပဲ အသိပေးခဲ့ပါတယ်..။

“ ကွယ်လွန်သူ မမိုင်ရဲ့ညီမအငယ်ဆုံး မမွန် ၃ ပတ်ခွင့်ရက်ပြည့်ပြီမို့ ကိုးရီးယားမှဩဇီကိုဒီနေ့ပြန်သွားပါပြီရှင် 😢 ကလေးတွေငယ်စဉ်ကတည်းက ထိုင်းမှာ ဒီအဒေါ်ရဲ့လက်ထဲကြီးလာကြတာမို့ ၆ နှစ်ခွဲခွါခဲ့ကြပေမယ့် မြင်မြင်ချင်းချစ်ပြီးအရမ်းတွယ်တာကြတယ်လေ 😍 တီတီလေးပြုံးရင် အမိုး (အမေ့) မျက်နှာနှင့်တူလို့ဆိုပြီး ကလေးတွေကရှုမဝ၊ ချွဲမဝ၊ သူ့အန်တီလေးကို ချစ်မဝဖြစ်နေကြတယ် 😍 တီတီမွန်က ၃ ပတ်သာခွင့်ရပေမယ့် အဖိုးကတော့ ၃ လနေသွားမှာဖြစ်ပါတယ်။ လက်ရှိမှာတော့ သွက်သွက်လက်လက် အဒေါ်အလတ် တီတီမွတ် ရယ်၊ သူ့သမီး ၂ ယောက်နှင့် မမိုင်ကလေး ၂ ယောက်ဟာ ဘူချွန်းမြို့ ဆိုဆာရပ်ကွက် (မေရီနွမ်တို့ရပ်ကွက်)မှာ နေထိုင်ကြပါတယ်။ ”

“ အလည်ဗီဇာ ၃ လပြည့်လို့ အဖိုးပြန်သွားရင် အဖွါးလာဖို့ပြင်ဆင်နေပါတယ်။ ကလေးတွေသူတို့ဆီ မရောက်မချင်း ဖိုးဖိုး ဖွါးဖွါးက အလှည့်ကျလာနေပေးကြပါလိမ့်မယ် 👨🏼‍🦳👵🏼 မမိုင်ရဲ့ဆန္ဒအတိုင်း နော်မာသလေးကတော့ ကိုးရီးယားမှာ အထက်တန်းကာလ ကျောင်းအဆောင်နေမယ်၊ ပညာဆက်သင်ရင်း အနုပညာလုပ်ငန်းတွေ ဆက်လုပ်သွားပါလိမ့်မယ်။ သား ၂ ယောက်ကတော့ အဖိုးအဖွါးအဒေါ်တို့ရှိရာ Australia ကိုသွားဖို့ပြင်ဆင်နေပါတယ်။ကျောင်းပြောင်းရေး၊ မိသားစုလွှဲပြောင်းရေးစာရွက်စာတမ်းကိစ္စတွေက ၁ နှစ်မှ ၄ နှစ်ခန့်ကြာနိုင်တယ်လို့ တာဝန်ရှိသူတွေကပြောပြပါတယ်။ ကိစ္စတွေက ထင်သလောက်မလွယ်ကူလှပါဘူး။ ကလေးတွေကို ချစ်ပေးကြသူ၊ စိတ်ဝင်စားပေးကြသူ၊ သတင်းမေးမြန်းကြသူ၊ ကူညီပေးကြသူ၊ ဆုတောင်းမေတ္တာပေးပို့နေကြသူ ကိုကို မမ ဦးဦးဒေါ်ဒေါ်တွေအားလုံးသို့ သိသင့်တဲ့သတင်းပေးရင်း၊ သူတို့တွေကိုယ်စား ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်ရှင် 💕 ” ဟုဆိုပြီး အသိပေးလာတာပဲဖြစ်ပါတယ်။ မာသထူးဝါးလေးကတော့ မိခင်ဖြစ်သူရဲ့ဆန္ဒအတိုင်း ကိုရီးယားမှာပဲနေပြီး အဆောင်နေကာ ကျောင်းဆက်တက်ဖို့ရှိပြီး မာသထူးဝါးလေးရဲ့မောင်နှစ်ယောက်ကတော့ အဖိုး၊ အဖွားနဲ့ အဒေါ်တို့ရှိရာ သြစတေးလျမှာနေပြီး ကျောင်းဆက် တက်မယ်လို့ သိရပါတယ်နော်။ဖတ်ရှု့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Credit ; Cele Active World