





Source and Photo Crd- Khine W Thu’s Facebook Account

ခေတ်လူငယ်လေးတစ်ယောက်လို အမြဲနုပျိုလန်းဆန်းနေသူကတော့ မင်းသားကြီး သရုပ်ဆောင် မင်းဦးပဲ ဖြစ်ပါတယ်။ သူဟာ တစ်ခေတ်တစ်ခါက နှုတ်ခမ်းနီမလေးတွေ အသည်းစွဲအောင် ကြိုက်နှစ်သက်ခဲ့ရတဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်..။

ပရိသတ် တွေအပေါ်မှာလည်း အမြဲစေတနာထားသူတစ်ယောက်ဖြစ်တာကြောင့် ဆယ်စုနှစ်တွေများစွာတိုင်အောင် အနုပညာလောကမှာ အောင်မြင်ကျော်ကြားမှုတွေ ရရှိပိုင်ဆိုင်ထားနေဆဲပဲ ဖြစ်ပါတယ်..။

မင်းသားချော မင်းဦးဟာ သရုပ်ဆောင်တစ်ယောက် ဖြစ်ရုံသာမကဘဲ ဒါရိုက်တာအဖြစ်နဲ့ပါ ဇာတ်ကားတွေ ရိုက်ကူးနေပြီပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ချစ်ရတဲ့ ဇနီးချောလေးနဲ့အတူ ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးဘဝကိုလည်း ရရှိပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်..။

ဇနီးဖြစ်သူကလည်း အနားမှာလိုလေသေးမရှိအောင် ဂရုစိုက်သူဖြစ်တာကြောင့်လည်း သရုပ်ဆောင်မင်းဦးတစ်ယောက် ပျော်ရွှင်နေရတာလည်း ဖြစ်ပါတယ်..။

မကြာသေးခင် နာရီပိုင်းလောက်ကလည်း သရုပ်ဆောင် မင်းဦး ဇနီးရဲ့ Facebook Story မှာ ဗီဒီယိုလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ကျန်းမာရေးအတွက် Golf ရိုက်နေတဲ့ ချစ်ခင်ပွန်းကို တစိမ့်စိမ့်ကြည့်ပြီး ချစ်မဝဖြစ်ကာ မသိမသာလေး ဗီဒီယိုခိုးရိုက်ထားတာပဲ ဖြစ်ပါတယ်..။

ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ဒီဗီဒီယိုလေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက် ပေးလိုက် ရပါတယ်နော်..။

Credit ; MM Load