


Source: Swe Zin Htet’s fb

ချစ်ပရိသတ်ကြီးရေ Miss Universe Myanmar (2019) ရဲ့ Winner ဆုရှင် ဆွေဇင်ထက်နဲ့ နိုင်ငံကျော် အဆိုတော်မလေး ဂေဂေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးကတော့ ပရိသတ်တွေ အားကျဖွယ်ရာပါပဲ။ ဆွေဇင်ထက်နဲ့ ဂေဂေးတို့က တစ်ယောက်နဲ့တစ်ယောက် စစ်မှန်တဲ့ချစ်ခြင်းတစ်ခုတည်းနဲ့ လက်တွဲခဲ့ကြတာဖြစ်ပြီး အခုဆိုရင် ချစ်သူသက်တမ်း (၃) နှစ်ကျော်တောင်ရှိခဲ့ပြီပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း LGBT အတွဲလေးဖြစ်တဲ့ ဆွေဇင်ထက်နဲ့ ဂေဂေးတို့ကို Support ပေးပြီး ချစ်ကြတာပဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ဆွေဇင်ထက်က သူမနဲ့ ဂေဂေးတို့ကို သေရာပါချစ်ကြတဲ့ ပရိသတ်တွေကြောင့် ပီတိဖြစ်ဝမ်းသာနေရတာပဲ ဖြစ်ပါတယ်။ ဆွေဇင်ထက်က “အပျော်လွန်ပြီး ဘာပြောရမယ်မှန်းမသိအောင်ပါပဲ 😭😭😭အရမ်းနာမှာပဲ 🥺 ခုလို ချစ်ပေးတာမြင်တော့ မျက်ရည်ကျလောက်တဲ့ထိကို ပျော်ရပါတယ်🥺😭♥️”ဆိုပြီး သူမတို့ နှစ်ယောက်ရဲ့ နာမည်လေးတွေကို သေရာပါ တက်တူးထိုးပေးတဲ့ ပရိသတ်တွေအကြောင်းကို ဝမ်းသာအားရချပြလာခဲ့တာပဲ ဖြစ်ပါတယ်။

ဆွေဇင်ထက်ကတော့ LGBT အတွဲလေးဖြစ်တဲ့ သူမတို့ကို အပြစ်မမြင်တဲ့အပြင် သေရာပါတဲ့အထိချစ်ပေးကြသူတွေကြောင့် မျက်ရည်ကျလောက်တဲ့အထိ ပျော်ရွှင်နေကြတာပဲ ဖြစ်ပါတယ်။ ဆွေဇင်ထက်နဲ့ ဂေဂေးတို့ စုံတွဲလေး ပရိသတ်တွေအားကျရလောက်အောင် သက်ဆုံးတိုင်ထာဝရချစ်နိုင်ကြပါစေနော်။ ဖတ်ရှုပေးကြတဲ့ ချစ် ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်…။

Source: Swe Zin Htet’s fb
Credit– Cele Connections