မင်္ဂလာပါ ပရိတ်သတ်ကြီးရေ… မင်းသမီးချော စိုးမြတ်သူဇာကတော့ စိုးညီအစ်မတွေထဲမှာ အကြီးဆုံးဖြစ်ပြီး အနုပညာလောက မှာ ဒိတ်ဒိတ်ကြဲအောင်မြင်နေတဲ့ ဝါရင့်သရုပ်ဆောင်တစ်ဦးပဲ ဖြစ်ပါတယ်နော် ။ အခုချိန်အထိလည်း အရွယ်တင်နုပျိုပြီး ချောမောလှပနေ ဆဲဖြစ်တဲ့ မကြီးစိုးက ကျက်သရေရှိတဲ့ အလှတရားတွေကို ပိုင်ဆိုင် ထားတာ ဖြစ်ပါတယ်နော် ။

စိုးမြတ်သူဇာဟာဆိုရင်လည်း အနုပညာအလုပ်တွေကိုလည်း လုပ်ကိုင်နေပြီး အားလပ်ချိန် လေးတွေမှာတော့ သူမဝါသနာပါတဲ့ “Moblie Legends”Game ကိုဆော့ကစားတတ်တာလည်း ဖြစ်ပါတယ် ။ အခု လည်း မကြီးစိုးက နိုင်ငံကိုယ်စားပြုယှဉ်ပြိုင်တဲ့ “Burmese Ghouls” အ သင်း ကိုအားပေးဖြစ်ခဲ့ပုံကို အသေးစိတ်ပြောပြထားတာဖြစ်ပါတယ် ။

မကြီးစိုးက “မနေ့က Lucky ရတနာရွှေဆိုင်လေးကို liveလွှင့်ရင်း BGကို အားပေးခဲ့တယ် ရွှေ ဆိုင်ပိုင်ရှင် ညီမလေးတွေက ဈေးရောင်းကောင်းတဲ့ အကျော်အမော် သုံးယောက်ကို ချစ်တဲ့ စိတ် နဲ့ နားလည်ပေးကြလို့ တော်ပါသေးရဲ့ BG ကိုလည်း နိုင်စေချင် ရွှေတွေကိုလည်းအ များ ကြီးရော င်း ရစေချင် ပြီးတော့ ရွှေရောင်းလို့ပြီးမှ BG က ကြည့်ရမှာရယ် မနက်ခရီးသွားဖို့ ပစ္စည်းတွေ က လ ည်း မထည့်ရသေးတာရယ်

အဲ အဆိုးဆုံးက ခရီးမသွားခင် mcc covid center မှာ နှာခေါင်းအနှိုက်ခံရမယ့်အရေးရယ် အမလေး တွေးတွေးပြီး ကြက်သီးတွေထတာစိတ်တွေကဖရိုဖရဲ ကယောင်ချောက်ချား တင်မက ၇ /၈ တောင်ကပါ့မလားမသိ ဟင်း စဝ်မျိုးသာဇူကြီး သနားပါတယ်နော် အသက်ပဲကြီးနေပြီ ခုထိဂနာမငြိမ်ဖြစ်နေတုန်း နောက်ဆုံးတအားကို သနားလာတာနဲ့ ရောင်းနေတဲ့ ရွှေတွေထဲက လက်စွပ်ကြီးတစ်ကွင်းကိုယ့်ဟာကိုယ် ဝယ်ပေးလိုက်တယ် လှလားဟင် (ဘာမှတော့မဆိုင်ဘူး)”

“ပြီးတော့ BG လေးတွေရေ အန်တီက နောက်ဆုံးပွဲကို မကြည့်ဘူးသိလား နှလုံးရောဂါရှိလို့ပါ နိုင်တာ ရှုံးတာလည်း ဘာမှမသိဘူး အန်တီသိတာ BG က ever win Always win eternity win win.. win… winnnnnnnn ပဲ Ok နော် ကလေးလေးတွေ ပြီးတော့ မနေ့က live ကို သည်းခံကြည့်ပေးတဲ့ ပရိသတ်တွေကို အရမ်းချစ်တယ် အားပေးဝယ်ယူကြတဲ့

ရွှေချစ်သူတွေကိုလည်း အရမ်းချစ်ပါတယ် lucky ရတနာ မိသားစုကိုလည်း ချစ်တယ် ဒီထက် မကအများကြီးရောင်းရပါစေ ဆိုင်တွေလည်းအများကြီးထပ်ဖွင့်နိုင်ပါစေလို့ ဘားအံကို ရောက်ရောက်ချင်း ဆုတောင်းပေးပါတယ်ရှင်”ဆိုပြီး သူမရဲ့အဖြစ်တွေကို ဟာသနှောကာ ပြောပြထား တာ ပဲ ဖြစ်ပါတယ် ။ဖတ်ရှုပေးတဲ့ ချစ်ပရိတ်သတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်နော်…။

Source & Photo Credit -Soe Myat Thuzar’s FB Page

Crd