အသံပါဝါအားေကာင္းေကာင္းနဲ႔ ပရိသတ္ေတြရဲ႕ရင္ထဲကိုေရာက္ေအာင္ သီခ်င္းေတြကိုသီဆိုနိုင္တဲ့ အဆိုေတာ္ R ဇာနည္ကေတာ့ ဂီတေလာကမွာ ဆယ္စုနွစ္နွစ္ခုတိုင္ ေအာင္ျမင္ေနသူတစ္ေယာက္ ျဖစ္ပါတယ္။ အနုပညာအလုပ္ေတြမွာလည္း ေအာင္ျမင္မႈရရိွေနတဲ့ R ဇာနည္ က သူ့ရဲ့ ေန့ရက္တိုင္းမွာ ခ်စ္စရာေကာင္းတဲ့ မိသားစုေလးေၾကာင့္ အျမဲတမ္း စိတ္ခ်မ္းသာေနရသူတစ္ေယာက္ဆိုလည္း မမွားပါဘူး။ လက္ရိွမွာ Covid 19 ေၾကာင့္ ရိႈးပြဲသီဆိုမႈေတြရပ္နားထားတဲ့ R ဇာနည္ က သူတာဝန္ယူထားရတဲ့ The Voice Myanmar သီခ်င္းဆိုျပိဳင္ပြဲက Team R Zarni အဖြဲ့သားမ်ားကို ေလ့က်င့္သင္ၾကားေပးရင္း Coach လုပ္ေနတာပဲ ျဖစ္ပါတယ္..။

တစ္ပတ္ျပီးတစ္ပတ္ ျပိဳင္ဆိုင္မႈေတြစိန္ေခၚမႉ့ေတြ ျပင္းထန္လာတဲ့ The Voice Myanmar သီခ်င္းဆိုျပိဳင္ပြဲၾကီးကေတာ့ လာမယ့္ တနဂၤေနြေန့မွာ Semi Final ေရာက္ရိွလို့လာျပီပဲ ျဖစ္ပါတယ္။ R ဇာနည္ကလည္း တစ္နုိင္ငံလံုး တိုက္ရိုက္ထုတ္လႊင့္မယ့္ Semi Final ပြဲၾကီးမွာ သူ့ရဲ့ Team R Zarni အဖြဲ့သားမ်ား အမွားအယြင္းမရိွပဲ အေကာင္းဆံုး ေဖ်ာ္ေျဖနိုင္ဖို့ အနီးကပ္သင္ၾကားေပးရင္း ျပင္းျပင္းထန္ထန္ေလ့က်င့္ေပးေနတာကို အခုလိုပဲ ေတြ့ရပါတယ္..။

Team R Zarni ရဲ႕အဖြဲ႕သားေတြျဖစ္တဲ့ N Oo L နဲ့ ဆလိုင္းတို့ကေတာ့ Semi Final ပြဲစဥ္ မွာ အျခားအဖြဲ့ေတြနဲ့ အေကာင္းဆံုး ယွဥ္ျပိုင္နိုင္ဖို့ ၾကိဳးစားေနျပီပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးကလည္း လာမယ့္ Semi Final Live Show ကေန Team R Zarni ကို ေစာင့္ေမွ်ာ္အားေပးဖို့ မေမ့ၾကပါနဲ့ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္ေနာ္..။

unicode

အသံပါဝါအားကောင်းကောင်းနဲ့ ပရိသတ်တွေရဲ့ရင်ထဲကိုရောက်အောင် သီချင်းတွေကိုသီဆိုနိုင်တဲ့ အဆိုတော် R ဇာနည်ကတော့ ဂီတလောကမှာ ဆယ်စုနှစ်နှစ်ခုတိုင် အောင်မြင်နေသူတစ်ယောက် ဖြစ်ပါတယ်။ အနုပညာအလုပ်တွေမှာလည်း အောင်မြင်မှုရရှိနေတဲ့ R ဇာနည် က သူ့ရဲ့ နေ့ရက်တိုင်းမှာ ချစ်စရာကောင်းတဲ့ မိသားစုလေးကြောင့် အမြဲတမ်း စိတ်ချမ်းသာနေရသူတစ်ယောက်ဆိုလည်း မမှားပါဘူး။ လက်ရှိမှာ Covid 19 ကြောင့် ရှိုးပွဲသီဆိုမှုတွေရပ်နားထားတဲ့ R ဇာနည် က သူတာဝန်ယူထားရတဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲက Team R Zarni အဖွဲ့သားများကို လေ့ကျင့်သင်ကြားပေးရင်း Coach လုပ်နေတာပဲ ဖြစ်ပါတယ်..။

တစ်ပတ်ပြီးတစ်ပတ် ပြိုင်ဆိုင်မှုတွေစိန်ခေါ်မှူ့တွေ ပြင်းထန်လာတဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲကြီးကတော့ လာမယ့် တနင်္ဂနွေနေ့မှာ Semi Final ရောက်ရှိလို့လာပြီပဲ ဖြစ်ပါတယ်။ R ဇာနည်ကလည်း တစ်နိုင်ငံလုံး တိုက်ရိုက်ထုတ်လွှင့်မယ့် Semi Final ပွဲကြီးမှာ သူ့ရဲ့ Team R Zarni အဖွဲ့သားများ အမှားအယွင်းမရှိပဲ အကောင်းဆုံး ဖျော်ဖြေနိုင်ဖို့ အနီးကပ်သင်ကြားပေးရင်း ပြင်းပြင်းထန်ထန်လေ့ကျင့်ပေးနေတာကို အခုလိုပဲ တွေ့ရပါတယ်..။

Team R Zarni ရဲ့အဖွဲ့သားတွေဖြစ်တဲ့ N Oo L နဲ့ ဆလိုင်းတို့ကတော့ Semi Final ပွဲစဉ် မှာ အခြားအဖွဲ့တွေနဲ့ အကောင်းဆုံး ယှဉ်ပြိုင်နိုင်ဖို့ ကြိုးစားနေပြီပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း လာမယ့် Semi Final Live Show ကနေ Team R Zarni ကို စောင့်မျှော်အားပေးဖို့ မမေ့ကြပါနဲ့နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Source: R Zarni’s fb
Bilie – Cele Connections