


Source: Ba Wa’s fb

Raggae စတိုင်လ်နဲ့ တေးသီချင်းတွေကို သီဆို တတ်တဲ့ တက်သစ်စအဆိုတော် ဘဝကိုတော့ ပရိသတ်ကြီးအားလုံး ရင်းရင်းနှီးနှီးရှိပြီးသားဖြစ်မှာပါ။ ဘဝ ကတော့ The Voice Myanmar Season (2) မှာ Knock Out Round မှာတင် အိမ်ပြန်နှုတ်ဆက်ခဲ့ရတာဖြစ်ပြီး ဒီနှစ်ပြန်လည်ယှဉ်ပြိုင်တဲ့ The Voice Myanmar Season (3) မှာတော့ Semi Final အဆင့်မှာ နှုတ်ဆက်ထွက်ခွာသွားခဲ့ရတာပဲ ဖြစ်ပါတယ်။တက်သစ်စအဆိုတော် ဘဝကတော့ ဂီတကို ရူးသွပ်စွာ ဝါသနာပါသူဖြစ်ပြီး အပြင်မှာလည်း သီချင်းတွေသီဆိုသလို The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာလည်း နှစ်နှစ် ဆက်တိုက် ယှဉ်ပြိုင်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်..။

မျက်နှာသစ်အဆိုတော် ဘဝကတော့ Season (2) ရော Season (3) မှာပါ ကျားပေါက်ရဲ့ Team KP ကနေ ယှဉ်ပြိုင်ခဲ့သူမို့ သူ့ရဲ့ဂီတလမ်းကြောင်းအတွက် Team KP ကတော့ အမှတ်တရတွေအများကြီးရှိတာပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်အတွက်လည်း ဘဝက The Voice Myanmar ကနေ နှစ်ခါတိတိနှုတ်ဆက်ထွက်ခွာလာရပေမယ့် Team KP အဖွဲ့သား တစ်ယောက်အနေနဲ့ သူ့ရဲ့ လည်ဂုတ်ပေါ်မှာ Team KP ဆိုပြီး သေရာပါတက်တူးထိုးခဲ့တာကို အခုလိုမျိုးပဲ တွေ့ရပါမှာဖြစ်ပါတယ်..။

ဒိုင်အဖွဲ့ဝင်ဖြစ်တဲ့ အဆိုတော် ကျားပေါက်ကလည်း သူ့ရဲ့ အဖွဲ့ဝင်တစ်ယောက် အခုလို သေရာပါတက်တူးထိုးခဲ့တဲ့အတွက် မယုံကြည် နိုင်လောက်အောင် ဖြစ်ခဲ့ရတာပဲ ဖြစ်ပါတယ်။ ဘဝတစ်ယောက် ရှေ့ဆက်လျှောက်မယ့် အနုပညာလမ်းမမှာ အောင်မြင်မှုတွေအများကြီးရရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို ့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Credit– Cele Connections