ကွယ်လွန်သွားတာ ၅နှစ်ပြည့်ခဲ့ပေမယ့် တစ်နေ့မှမေ့လို့မရနိုင်တဲ့ ပြည်သူချစ်မင်းသားလေးမင်းသွေးရဲ့အလွမ်းပုံရိပ်များ

Posted on

ကွယ်လွန်သွားတာ ၅နှစ်ပြည့်ခဲ့ပေမယ့် တစ်နေ့မှမေ့လို့မရနိုင်တဲ့ ပြည်သူချစ်မင်းသားလေးမင်းသွေးရဲ့အလွမ်းပုံရိပ်များ

ပရိသတ်ကြီးရေ… သရုပ်ဆောင် မင်းသွေး ကတော့ သူ့ရဲ့အစ်ကို မင်းသား အကယ်ဒမီနေ တိုးရဲ့ ပံ့ပိုးမှုနဲ့ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ ပြီး အောင်မြင်မှုအတိုင်းအတာတစ်ခုကို ရရှိခဲ့တာပဲဖြစ် ပါတယ်။ မင်းသွေးဟာ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေကို ရိုက်ကူးခဲ့သလို သီချင်းတွေလည်း သီဆိုကာ တစ်ကိုယ်တော်အယ်လ်ဘမ်တွေကို ထုတ်လုပ်ခဲ့ပါသေး တယ်။

မင်းသွေးဟာ (၂၀၁၈) ခုနှစ် အောက်တိုဘာလ (၃) ရက် နေ့မှာ ဘောလုံးကန်နေရင်းနဲ့ နှလုံးရပ်သွားကာ ရုတ်တရက်ကွယ်လွန်သွားခဲ့တာပဲ ဖြစ်ပါတယ်။ မင်း သွေးဟာ ပရိသတ်တွေကို နှုတ်မဆက်ပဲ ရုတ်တရက် ထွက်ခွာသွားခဲ့တာ ဒီကနေ့ဆိုရင် (၅) နှစ်တိတိပြည့်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။

မင်းသွေးက အောင်မြင်ပြီး ငယ်ရွယ်သေးတဲ့အချိန်မှာပဲ ရုတ်တရက်ဆိုသလို ကွယ်လွန်သွားခဲ့တာမို့ ပရိသတ် တွေရော သူ့ရဲ့မိသားစုဝင်တွေကပါ အရမ်းနှမြောနေကြ တာပဲ ဖြစ်ပါတယ်။ သေသောသူကြာရင်မေ့ ဆိုပေမယ့် လည်း မင်းသွေးကတော့ ပရိသတ်တွေရင်ထဲမှာ အမြဲတမ်းနေရာယူထားမယ်ဆိုတာ အသေအချာပါပဲ။

Credit;





Credit;