ချစ်သူနှစ်ဦး အမေရိကန်နိုင်ငံမှာ နှစ်ကိုယ်တည်းခရီးထွက်နေတဲ့ ပုံရိပ်တွေကို ပရိသတ်ကြီးအားပြသလာတဲ့ နီနီခင်ဇော်

Posted on

ချစ်သူနှစ်ဦး အမေရိကန်နိုင်ငံမှာ နှစ်ကိုယ်တည်းခရီးထွက်နေတဲ့ ပုံရိပ်တွေကို ပရိသတ်ကြီးအားပြသလာတဲ့ နီနီခင်ဇော်

ပရိသတ်ကြီးရေ… အဆိုတော်မ လေး နီနီခင်ဇော် ကတော့ သီချင်းဆိုကောင်းပြီး အသံ ပါဝါအားကောင်းတဲ့ တေးသံရှင်တစ်ယောက်ပဲ ဖြစ်ပါ တယ်။ နီနီခင်ဇော်ဟာ ဂီတအနုပညာလမ်းကြောင်းနဲ့ အောင်မြင်ခဲ့သူတစ်ယောက်ဖြစ်ပြီး သူမရဲ့ သီချင်းသစ် တွေကိုလည်း ပရိသတ်တွေဆီ မျှဝေတင်ဆက်နိုင်ဖို့ အမြဲတမ်းကြိုးစားနေတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ နီနီခင်ဇော်က သူမရဲ့ ချစ်သူနဲ့အတူတူ ခရီးတွေသွားရင်း အချိန်ကောင်းတချို့ကို ပိုင်ဆိုင်နေတာ ပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ နီနီခင်ဇော်က သူမရဲ့ အ အ မေရိကန်နိုင်ငံကို နှစ်ကိုယ်တည်းခရီးထွက်ခဲ့စဉ်က အမှတ်တရဓာတ်ပုံအချို့ကို မျှဝေလာကာ “သူရိုက်သော ပုံ… ကိုယ်ရိုက်သောပုံ… တူတူရိုက်သောပုံ…” ဆိုပြီး တင်ပေးလာပါတယ်။

နီနီခင်ဇော်ကတော့ ပထမတကြိမ် အိမ်ထောင်ကျခဲ့ဖူး တယ်ဆိုပေမယ့်လည်း အခုဆိုရင်တော့ သူမငယ်စဉ် ကတည်းက ချစ်ခဲ့ရတဲ့ သူငယ်ချင်း ငယ်ချစ်ဦးနဲ့ ပြန်လည်ဆုံတွေ့နေပြီပဲဖြစ်ပါတယ်။ နီနီခင်ဇော်တို့ ချစ်သူနှစ်ယောက် အမြဲတမ်း သာယာပျော်ရွှင်တဲ့ အချိန်ကောင်းတွေကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ်နော်။

Credit;





Credit;