သမီးလေးထိပ်ထိပ်နဲ့အပြိုင် လှပနုပျိုနေတဲ့ အလန်းစားပုံရိပ်တွေကို ပရိသတ်ကြီးအားပြသလာတဲ့ မင်းသမီးခိုင်သင်းကြည်

Posted on

သမီးလေးထိပ်ထိပ်နဲ့အပြိုင် လှပနုပျိုနေတဲ့ အလန်းစားပုံရိပ်တွေကို ပရိသတ်ကြီးအားပြသလာတဲ့ မင်းသမီးခိုင်သင်းကြည်

ပရိသတ်ကြီးရေ… နိုင်ငံကျော် မင်းသမီး ခိုင်သင်းကြည် ကတော့ အနုပညာလောကရဲ့ လူချစ်လူခင်အပေါများဆုံး အားပေးမှုအများခံ ရရှိတဲ့ မင်းသမီးတစ်လက်ပဲ ဖြစ်ပါတယ်။ လူလေးလှသလို စိတ်ထားလေးလည်းကောင်းတဲ့ ခိုင်သင်းကြည်ဟာ သမီးလေးတစ်ယောက်ကို မွေးဖွားထားပြီး သူမရဲ့သမီး လေး စံထိပ်ထားဦးကလည်း အခုဆိုရင် အနုပညာ အလုပ်တွေကို လုပ်ကိုင်နေပြီပဲဖြစ်ပါတယ်။

မနေ့က စက်တင်ဘာလ (၂၇) ရက်နေ့ကတော့ ခိုင်သင်း ကြည်ရဲ့မွေးနေ့လေးပဲဖြစ်ပါတယ်။ ခိုင်သင်းကြည်က သူမရဲ့မွေးနေ့မှာ သမီးလေးနဲ့အတူတူ ရွှေတိဂုံဘုရားကို သွားရောက်ဖူးမျှော်ခဲ့ပြီး စံထိပ်ထားဦးကလည်း မေမေနဲ့ အတူတူ အမှတ်တရရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတွေကို “မေမေနဲ့ဒီလိုလေးမရိုက်ဖြစ်တာကြာပြီ …” ဆိုပြီး သူမ ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာပါတယ်။

ခိုင်သင်းကြည်က သမီးလေးနဲ ့အပြိုင်ကို နုနယ်လွန်းတာ ကြောင့် သူမတို့ သားအမိနှစ်ယောက်ဟာ အမြဲတမ်း အင်္ကျီဆင်တာလေးတွေကို ဝတ်ဆင်လိုက်ရင် အရမ်းကို ချစ်စရာကောင်း တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခိုင်သင်းကြည်တို့ သားအမိနှစ် ယောက်ရဲ့ ပုံရိပ်လေးတွေကိုကြည့်ပြီး သဘောကျကြ မယ်လို့ ထင်ပါတယ်နော်။

Credit;





Credit;